Tuesday, May 26, 2009

ကျောင်းသူ ကျောင်းသားများသို့ လှုံ့ဆော် ပန်ကြားချက်

ကျောင်းသူ ကျောင်းသားအပေါင်းတို့ ၂၅.၅.၂၀၀၉

ကမ္ဘာ့ပြည်သူတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ နဲ့ ဗမာပြည် ပြည်သူတွေက ကန့်ကွက်တား
မြစ်နေကြပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အခုလို
မတရားအမှုဆင် ထောင်ချဖို့ ကြိုးပမ်းအားထုတ်နေတာဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်။

သေနတ်အားကိုးနဲ့ ထင်ရာစိုင်းလို့ရတယ် ထင်နေတဲ့ စစ်အုပ်စုရဲ့ ဥာဉ်အတိုင်းပြည်သူလူထုရဲ့အားကိုး
အားထားရာခေါင်းဆောင်ဖြစ်တဲ့၊ ကမ္ဘာက ဆုပေါင်းများစွာပေးပြီး အသိအမှတ်ပြုထားတဲ့ ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုရှင်ကိုတောင်အကျဉ်းထောင်ထဲ ထည့်ရဲနေတာဖြစ်တယ်။

ဒါဟာ ကမ္ဘာ့ပြည်သူများကိုသာမက၊ ဗမာပြည်သူများ နဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပါ စိန်ခေါ် အကဲစမ်းလိုက်တာဖြစ်တယ်။
နိုင်ငံရေးအရပြောရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ရွှေဂုံတိုင်ကြေညာချက်အတိုင်းသွားမယ့်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်းကိုလည်း ချေမွ ဖျက်ဆီး ပစ်လိုက်တာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီးထောင်ချဘို့ စီစဉ်တာဟာ တိုင်းပြည် ပြိုကွဲပျက်စီးရေးလမ်း
ကြောင်းကို စစ်အုပ်စုက ရွေးချယ်လိုက်တာဖြစ်တယ်။

ဒါကြောင့် ငါတို့ ကျောင်းသူ၊ ကျောင်းသားတွေဟာ ရှစ်လေးလုံး အရေးတော်ပုံအစကျောင်းသားကဆိုတဲ့
အစဉ်အလာအတိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြွင်းမဲ့လွတ်မြောက်ရေးအတွက်
မိမိတို့ ကျောင်းများ၊ ရပ်ကွက်များမှာ နည်းမျိုးစုံနဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
မတရားတဲ့အမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အစုအဖွဲ့လိုက်ပုံစံမျိုးစုံဖြင့် ဆင်နွှဲကြဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”
“ရွှေဂုံတိုင်ကြေညာချက် ချက်ချင်းလုပ်”
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

No comments:

Post a Comment