Friday, July 17, 2009

မွန်အမျိုးသားကောင်စီမှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ချက်

Kaowao

စံခလပူရီ(ဇူလိုင်-၁၇)။ ။ အဝေးရောက်မွန်အမျိုးသားများ စုပေါင်းဖွဲ့စည်းထားသော
မွန်အမျိုးသားများကောင်စီ Mon National Council မှ လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များ ထံသို့ တိုက်တွန်းနှိုးဆော်ချက် အမှတ် ၂ ကိုယနေ့ထုတ်ပြန်လိုက်ပါသည်။
ဤထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖေါ်ပြထားပါသည်။



ဝါဆိုလဆုတ် (၁၁) ရက် ၁၃၇၁-ခုနှစ်
၁၇၊ဝ၇၊၂ဝဝ၉

လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့တိုက်တွန်းနှိုးဆော်ချက်-အမှတ်(၂)

(၁) ငြိမ်းချမ်းရေးလကိနက်ကိုင်အဖွဲ့စည်းများကို (Border Guard) နယ်စပ်စောင့်တပ်အသွင် သဏ္ဍာန်
သို့ ပြောင်းလဲရေးဆို သောစစ်အာဏာရှင်တို့ကြိုးပမ်းမှုကို အချို့သောအဖွဲ့စည်းတို့က ပြတ်ပြတ် သားသားဆန့်ကျင်ကြပြီး အချို့သောအဖွဲ့ စည်းတို့သည်စစ်အာဏာရှင်တို့၏ သိမ်းသွင်းမှုကို ခေါင်းရှိုပြီးကြိုဆိုထောက်ခံနေသည်ကို ဝမ်းနည်းစွာလေ့လာတွေ့ရသည်၊၊

(၂) မွန်ပြည်သစ်ပါတီ၊ ကေအင်ယူပါတီ၊ ရှမ်းအမျိုးသားပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေး
ပါတီတို့၏ ရဲရင့်ပြတ်သားသော ရပ်တည်ချက်ကိုမွန်အမျိုးသားကောင်စီမှ လှိုက်လှိုက်လှဲလှဲကြို
ဆိုသည်၊၊

(၃) စစ်အာဏာကိုထောက်ခံသွားသော အင်အားစုကို လေ့လာလျှင်အမှန်မှာ စစ်အာဏာရှင်
စံနစ်ကိုကြိုက်၍ အသွင်ကူး ပြောင်းရန် သဘောတူကြသည် မဟုတ်မူဘဲ၊ အောက်ပါမှားယွင်း
ခြွတ်ချော်သော အတွေးခေါ်အမြင်တို့ကြောင့် ဤသို့ သဘောတူသွားသည်ကိုလေ့လာတွေ့ရှိသည်၊၊
(က) စစ်အာဏာရှင်ထံမှခွဲဝေပေးမည့်အမျိုးသားအကျိုးကိုရလိုရငြားမျှော်ကိုး၍သဘောတူခြင်း၊၊
(ခ) ပါတီအဖွဲ့စည်းအတွင်းကွဲပြဲမည်စိုးရိမ်၍သဘောတူခြင်း၊၊
(ဂ))ရန်သူမှာစစ်အင်အား(၅)သိန်းကျော်နှင့် ခေတ်မှီတဲ့လက်နက်တွေရှိတယ်၊၊ရန်သူစစ်အာဏာရှင်၌
ဒုံးကျဉ်တွေ၊ လေယဉ်တွေ၊ သင်္ဘောတွေ၊ တင့်ကားတွေ အမြှောက်တွေ ခေတ်မှီတဲ့ စစ်လေယဉ်တွေ
ရှိတယ်၊၊ ဒို့မှာရဲဘော် တပ်သားရာဂဏန်းလောက်မျှသာရှိတယ်၊ခေတ်မှီတဲ့ လက်နက်တွေလည်း
မရှိဘူး၊ ငွေကြေး၊ ဆေးဝါး၊ စားနပ် ရိက္ခာတို့သည်လည်းလုံလုံလောက်လောက် မရှိဘူး၊ စသည့်
သိမ်ငယ်သော အတွေးခေါ် အားငယ်သောစိတ်တို့ က ဦးခေါင်းထဲသို့ ဝင်ရောက်လာပြီး
စိတ်ကျဉ်းကြပ်ခါ အားလျှော့အလျှော့ ပေးပြီးသဘောတူခြင်း၊၊
(ဃ) တော်လှန်ရေးအပေါ် စိတ်ဝင်စားသူလည်းမရှိဘူး၊ထောက်ခံအားပေးမည့်သူလည်းမရှိဘူး၊၊
ရန်သူကိုဘယ်လို မှမယှဉ်နိုင်ဘူး၊၊ စစ်အာဏာရှင်အလိုကျ အသွင်ကူးပြောင်းတာဘဲကောင်းတယ်၊
စသည့်လွှဲမှားသောအတွေး အခေါ်ကြောင့်သဘောတူခြင်း၊ စသည့်အကြောင်းတို့ကြောင့် အသွင် ကူးပြောင်းရေးကိုလက်ခံသဘောတူသွားသည်ကိုလေ့လာတွေ့ရှိပါသည်၊၊

(၄) ယနေ့ရဲဘော်တို့၏ တော်လှန်ရေးလက်နက်သည် ယခင်က ကိုင်တွယ်အသုံးပြုနေကြသော လက်နက် မဟုတ်တော့ ကြောင်းကိုရဲဘော်တို့ သတိထားမိနိုင်အောင် ပြောကြားလိုပါသည်၊၊ ယခင်က အားကိုးပြုနေသော လက်နက်ထက်အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ခေတ်မှီတဲ့ လက်နက် အသစ်အဆန်းတွေရဲဘော်တို့ ဘက်မှာရှိနေသည်ကိုသတိပြုမိကြပါ၊၊၊ ဥပမာကွန်ပြူတာ၊ အင်တာနက်၊
အီမေးလ်( Email) ဖုန်း (Mobile Phone))ရေဒီယို၊ကမ္မရာ၊ဗွီဒီယိုကမ္မရာ၊ သတင်းစာ၊ ဂျာနယ်တို့ဟာ
ရဲဘော်တို့ရဲ့ ခေတ်မှီသော အစွမ်းထက်မြက်သည့် တော်လှန်ရေး လက်နက် ကောင်းများဖြစ်သည်၊၊ ယနေ့ခေတ်သည် သတင်းပြန်ကြားရေးခေတ် ( Information Age) ဖြစ်တယ်၊၊ နိုင်ငံတကာမှာရှိနေကြတဲ့
သံတမန် ရေးရာအဖွဲ့စည်းတွေ ကမ္ဘာ့အနှံ့မှာရှိနေကြတဲ့ ဒီမိုကရေစီ အဖွဲ့စည်းတွေ လူ့အခွင့်ရေးကို ချစ်မြတ်နိုးတဲ့ အဖွဲ့စည်း အသီးသီးတို့ဟာ ရဲဘော်တို့ရဲ့အစွမ်းထက်မြက်သော တော်လှန်ရေးအင်အားစု သစ်များဖြစ်သည်၊၊

(၅) ယနေ့ပြည်သူ့လူထု၏ထက်မြက်တဲ့ နိုင်ငံရေးအသိတရား၊မြင့်မားလာတဲ့အတွေးအခေါ် တိုးတက် သောကမ္ဘာ့အမြင်နှင့် ဒီမိုကရေစီကို ချစ်မြတ်နိုးသောစိတ်ဓါတ်၊ လွတ်လပ်မှုမြတ်နိုးသောဆန္ဒတွေ ရှိကြတဲ့ ပြည်သူလူထုတွေဟာ ရဲဘော်တို့ အတွက်ထက်မြက်သော တော်လှန်ရေးအင်အားစုများ ဖြစ်သည်၊၊ သတ္တိပြောင်မြောက်သော ကျောင်းသား ပြည်သူရဟန်းသံဃာတွေတို့ဟာ ရဲဘော်တို့ဘက်မှာ မားမား မတ်မတ်ရပ်တည်ထောက်ခံနေသည်ကို သတိပြုမိကြပါ၊၊ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မျိုးချစ်
လူငယ်တွေ သံတမန်ရေးရာတိုက်ပွဲဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်ကြပြီးရဲဘော်တို့၏ တော်လှန်ရေးကို အပြည့်အဝထောက်ခံနေကြသည်ကို သတိပြုမိကြပါ၊၊

(၆) ရဲဘော်တို့တော်လှန်ရေးရေစီးကြောင်းမှာထူခြားသောလက္ခဏာပေါင်းမြောက်များစွာရှိနေတယ်
ဆိုတဲ့အချက်ကိုလည်း သတိပြုမိကြဘို့လိုအပ်ပါသည်၊၊ ဥပမာတရားမျှရေးအတွက် အသက်ပေးပြီး
တိုက်ပွဲဝင်သွားသော အဝါရောင် အုံကြွမှု ကြီး၊ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊၊
ထက်မြက်သောကျောင်းသား တပ်မတော်၊ ယုံကြည်ချက်အတွက် အသက်ပေးတိုက်ပွဲဝင်နေကြသော
ထောင်ထဲရှိ နိုင်ငံရေးသူရဲကောင်းတွေ၊ နိုင်ငံတကာရောက် မျိုးချစ်အင်အားစုတွေ စသောအချက်တို့
သည် မည်သည့်တော်လှန်မှုနှင့်မှ မတူညီသောထူးခြားတဲ့အချက်ဖြစ်သည်ကို ရဲဘော်တို့သတိပြုမိကြ
ပါရန် နှိုးဆော်ပြောကြားလိုပါသည်၊၊

(၇) အာဏာရှင်တွေကြီးစိုးသော အုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားတွေမျှော်လင့်နေသော
ဖက်ဒရယ်စံနစ်ဆိုတာမည် သည့်အခါမှပေါ်ထွက်လာမည်မဟုတ့်ပါ၊၊ အာဏာရှင်စံနစ်နှင့် ဖက်ဒရယ်စံနစ်
တို့သည် မြေကြီးနှင့်မိုးကောင်ကင်းလို ကွာခြားပြီးဆန့်ကျင်ဘက်တရားများဖြစ်သည်၊၊အာဏာရှင်စံနစ်
မှာဗဟိုမှ အစစအရာရာချုပ်ကိုင်သော တသွေတသံ တမိန့်စံနစ်ဖြစ်သည်၊၊ ဖက်ဒရယ်စံနစ်သည် ဗဟိုချုပ် ကိုင်မှုကိုဆန့်ကျင်သည့်စံနစ်ဖြစ်သည်၊၊ဗဟိုချုပ်ကိုင်မှုကိုအတတ် နိုင်ဆုံးလျှော့ချပြီး တိုင်းရင်းသား ပြည်သူလူထုလက်သို့အာဏာကို ဖြန့်ဝေပေးသော စံနစ်ြုဖစ်သည်၊၊ ဖက်ဒရယ်စံနစ်မှာ အာဏာကို အောက်ခြေအဆင့်ဆင့်သို့ ခွဲဝေငှဖြန့်ဖြူးသည်၊၊ အာဏာရှင်စံနစ်မှာ အာဏာကို ဗဟို၌စုစည်းချုပ်ကိုင်သည် လက်ဝါးအုပ်သည်၊၊ ထိုကြောင့်အာဏာရှင်မှခွဲဝေပေးမည့် လုပ်ပိုင်ခွင့်အာဏာနှင့် အမျိုးသားအကျိုးစီးပွား
တို့ကို မျှော်လင့်ချက်နှင့် သဘောတူသောအဖွဲ့တို့သည် အချည်းနှီးသာဖြစ်သည်၊၊

(၈) လက်နက်မပြည့်စုံ၍ရန်သူကိုဒို့ရင်မဆိုင်ရဲဘူး၊၊ ရင်ဆိုင်ရင်လည်းဆုံးရှုံးမည်ဆိုတဲ့ အားငယ်သော စိတ်ဓါတ်ကိုဖြောင့်ဖျက် ပစ်လိုက်ပါ၊၊စက်လက်နက်တွေ၊အမြှောက်တွေ၊ ဒုံးကျည်တွေ၊တင့်ကားတွေ ဟာထင်သလောက်အရာမရောက်တော့ပေ၊၊ ရဲဘော်တို့၏ မူလတော်လှန်ရေး သဘောတရားခံယူချက်သည် လက်နက်အပေါ်၌ အခြေခံသော သဘောတရား ခံယူချက်မဟုတ်ပါ၊၊ “မှန်ကန်သောအမျိုးသား ခံယူချက် သဘောတရားအပေါ်၌သာ အခြေခံသောတော်လှန်ရေးဖြစ် သည်၊၊” ဟူသော ရဲဘော်တို့၏မူလ တော်လှန်ရေး သဘောတရား ခံယူချက်ကို မမေ့ကြဘို့လိုသည်၊၊ ရဲဘော်တို၏ အမျိုးသားလွတ်မြောက်ရေး ခံယူချက်၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသောခံယူချက်၊ စစ်အာဏာရှင်စံနစ်ကို အမြစ်မှတော်လှန် ဖယ်ရှားရေးခံယူချက်၊ ဖိနိပ်ခံပြည်သူ လူထုဘဝကို ကယ်တင်လိုတဲ့ ခံယူချက် စသည့်ခံယူချက်တို့သည်သာ ရဲဘော်တို့၏အဓိကတော်လှန်ရေး တွန်းအားဖြစ်သည်၊၊ အေကေ-၄၇ ( AK-47) နှင့် အမ်-၁၆ (M-16)
တို့သည်အဓိက မကျပါ၊၊ ရဲဘော်တို့၏ ခံယူချက်ခိုင်မာပါက တော်လှန်ရေးသည် မုချမသွေ အောင်မြင်
မည်မှာ သေချာပါသည်၊၊

(၉) အကွဲအပြဲကို စိုးရိမ်ကြောက်ရွံ့နေလျှင် မည်သည့်အခါမှ ထက်မြက်သောပါတီတစ်ရပ်ကို မတည်
ဆောက်နိုင်ပါ၊၊ အဟောင်း ဟောင်းသောနေရာတို့မှာ အသစ်သစ်တို့ဖြင့်အစားထိုးဖြည့်ဆည်းသွားရမှာ
ဖြစ်သည်၊၊ သစ်ပင်တစ်ပင်သည်သက်တန်း ကြီးရင့်လာသည်နှင့်အမျှ အကိုင်းခြောက်တွေ၊ ပိုးထိုးတဲ့
အကိုင်းတွေ၊ အသီးမသီးတဲ့ သစ်ကိုင်းအိုတွေ ရှိလာစမြဲဖြစ်သည်၊၊ ထိုထိုသောသစ်ကိုင်းတို့ကိုခုတ်ဖြတ်
ပေးမှ အားပြည့်သော အကိုင်းသစ်တွေပေါ် ထွက်လာမည်၊၊ ထိုအကိုင်းသစ်မှာ မှအပွင့်ပွင့်လာမည်၊ အသီးသီးလာမည်ဖြစ်သည်၊၊ ထိုထိုသော အိုမင်းဆွေးမြေ့နေသာ သစ်ကိုင်းတို့ကိုနှမြှော၍ မခုတ်ထွင် မရှင်းလင်းပါက အသစ်သစ်သော အကိုင်းတို့သည် ရှင်သန်ပေါက်ဖွားခွင့်မရဖြစ်နေတတ်သည်၊၊
ထိုသို့အသစ်သစ်သော သစ်ကိုင်းတို့ရှင်သန်ခွင့် မရှိသောအခါ အသီးအပွင့်သစ်သည်လည်း ရှင်သန် ပေါက်ဖွားခွင့်မရဖြစ်နေပြန်သည်၊၊

(၁ဝ) နှင်းခဲတို့သည် နေရောင်ခြည်မထွက်လာခင် တိုတောင်းသည့် အချိန်အပိုင်းအခြား ကာလတစ်ခုမျှ လောက်မှာသာ ပတ်ဝန်ကျင်းကိုလွမ်းမိုးကြီးစိုးထားနေနိုင်ပြီး နေရောင်ထွက် ပြူလာသည်နှင့် နှင်းခဲတို့သည် တဖြည်းဖြည်းအရည်ပျော် ပြီးတစ်စတစ်စ ပျောက်ပျက်သွားရသည်၊၊
ထို့အတူ စစ်အာဏာရှင်တို့သည်လည်း ကမBာ့ကြီးသည် တိုးတက်လာသည့် နှင့်အမျှ၊ သိပ္ပံပညာတွေ တိုးတက်လာသည်နှင့်အမျှ အာဏာရှင်စံနစ်သည်လည်း တဖြည်းဖြည်းနှင့် နေရာမှဖယ်ရှာ ပေးရမှာ
ဖြစ်သည်၊၊ တစ်စတစ်စအစအနကောက်၍ မရအောင်ပျောက်ကွယ် သွားရမှာသေချာသည်၊၊


“အမျိုးသားခံယူချက်သည်သာတော်လှန်ရေးတစ်ခု၏အဓိကအင်အားဖြစ်သည်၊၊”
(သဘာပတိအဖွဲ့)
မွန်အမျိုးသားကောင်စီ
မိတ္တူများကို မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးပါတီများ၊ENC, NDF အဖွဲ့ဝင်များသို့
ပေးပို့သည်၊၊

No comments:

Post a Comment