၂ဝဝ၉ ခုနှစ် ၊ အောက်တိုဘာလ (၁၀) ရက်
www.slm.net.tc
sangha.burma@gmail.com
nfac.burma@gmail.com
ကျွန်ုပ်တို့ ဂျီအေဘီ (Global Acion For Burma) ပြည်တွင်း နိုင်ငံရေး ဦးဆောင် အဖွဲ့များဖြစ်သည့် သံဃာအဖွဲ့ချုပ်မြန်မာနိုင်ငံ၊
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအကောင်အထည်ဖော်ဆောင်ရေးကော်မတီ၊ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၊ ပြည်တောင်စု
လူ့အခွင့်အရေးကောင်စီ၊ ရခိုင်ပြည်နယ် ဒီမိုကရေစီအင်အားစုများ (ရခိုင်ပြည်လုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ ၊ စစ်တွေကျောင်းသားသမဂ္ဂ)၊
ရှမ်းပြည် လူငယ် ဒီမိုကရေစီ အင်အားစုများ ၊ မွန်ပြည်နယ် ဒီမိုကရေစီ အင်အားစုများ နှင့် မြန်မာပြည် အလယ်ပိုင်း ဒီမိုကရေစီ အင်အားစုများတို့မှ ငြိမ်းအဖွဲ့များအပါအဝင် တိုင်းရင်းသား အဖွဲ့အားလုံးထံသို့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီး အတူတကွ အကောင် အထည်ဖေါ်ခြင်းဖြင့် နဖစစ်အာဏာရှင် စနစ်အောက်မှ အတူတကွ ရုန်းထွက် နိုင်ရေး အတွက် အိတ်ဖွင့် ပေးစာကို ပေးရခြင်းဖြစ်သည်။
ကျွန်ုပ်တို့ အနေဖြင့် အမျိုးသားရေးလှုပ်ရှားမှုကြီး
အကောင်အထည်ဖေါ်လုပ်ဆောင်နိုင်ရေးတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊အဖွဲ့အစည်းများမှ တညီတညွတ်တည်း ပါဝင်ဦးဆောင်ရေးသည် မဟာဗျူဟာမြောက်သည့် နိုင်ငံရေးရှေ့လုပ်ငန်းတစ်ရပ်အဖြစ်
ယုံကြည်သည် ရည်ရွယ်သည်။ တိုင်းရင်းသား ခေါင်းဆောင်များAား တိုင်းပြည်၏ အမျိုးသားခေါင်းဆောင်များ အဖြစ် တဆင့်တက်ပြီး
ဦးဆောင်မှုတွင် ပါဝင်နိုင်ရေးအတွက်ရည်ရွယ်သည်။ ရှေ့ဆက်လုပ်ဆောင်ကြမည့် စေ့စပ်ဖြန်ဖြေ ဆွေးနွေးခြင်းမှအစ လုပ်တစ်ခုချင်းစီနှင့် ခြေလှမ်း တလှမ်း တိုင်းသည် တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် အာမခံချက်အပြည့် ဖြစ်နိုင်ရေး အတွက် ရည်ရွယ်သည်။
ကျွန်ုပ်တို့ အနေဖြင့် တိုင်းရင်းသားအဖွဲ့များအားလုံးမှ နအဖ၏ စိတ်ကြိုက် နယ်ကြားစောင့်တပ် အသွင်ပြောင်းရေးအား မနာခံဘဲ
ကြံ့ကြံ့ခံရပ်တည်သွားနိုင်ရေးAတွက် လေးနက်သည့်ဆန္ဒများကို ဖေါ်ပြ အပ်ပါသည်။ တိုင်းရင်းသားများ အဖွဲ့အစည်းများ၏ ယနေ့
ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အန္တာရယ်များ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ခွင့် မရှိသည့်
အခြေအနေများအား ကျွန်ုပ်တို့ အပြည့်အဝနားလည်သည်။
တိုင်းရင်းသားအားလုံး၏ ပါဝင်ဦးဆောင်နိုင်ရေးသည် အမျိုးသား
လွတ်မြောက်ရေးကြိုးပမ်းမှုကြီး အောင်မြင်ရေးအတွက် အသက်သွေးကြောဖြစ်သည်။ ကျွန်ုပ်တို့ လက်တွဲ မလုပ်ဆောင်နိုင်လျှင် နအဖ
စစ်အာဏာရှင်များမှ ကျွန်ုပ်တို့အား တစ်ဖွဲ့ချင်းစီ ရွေးချယ်ခြေမှုန်း သွားလိမ့်မည်။
နအဖစစ်အစိုးရမှ ဦးဆောင်ကျင်းပပေးမည်ဆိုသည့် ၂ဝဝ၈ နာဂစ်ခြေခံဥပဒေအားအခြေခံသည့် ရွေးကောက်ပွဲသည် တရားဝင်
စစ်အုပ်ချုပ်ရေးအသွင်အဖြစ် (သို့) စစ်ဂိုဏ်းဂဏအုပ်ချုပ်ရေးအသွင် အဖြစ်သို့ ပြောင်းလဲရေးသာဖြစ်သည်။ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်
တွင်းပြုပြင်ပြောင်းလဲရေးသည် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမည်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးတို့၏ ဘဝများသည်
တိုင်းတပါးသားများ၏ လက်ဝေခံဘဝများအဖြစ်သို့ ကျရောက်သွားနိုင်သည်။ သို့ဖြစ်ပါ၍ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျွန်ုပ်တို့ ပြတ်သားစွာဆန့်ကျင်သည်။
ကျွန်ုပ်တို့ အနေဖြင့် စေ့စပ်ဖြန်ဖြေ ဆွေးနွေးခြင်းသည် အမျိုးသားလတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ နှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြည့်အဝအာမခံချက်ပေးမည့် လုပ်ဆောင်ချက် ဖြစ်စေရန် အတူတကွ လုပ်ဆောင်ခြင်း
ဖြင့်သော်လည်းကောင်း၊ အတူတကွ ရပ်တည်ခြင်း ဖြင့်လည်းကောင်း၊၊ အတူတကွ ဝိုင်းရံခြင်းဖြင့် လည်းကောင်း၊ လုပ်ဆောင်သွားမည်။ စေ့စပ်
ဖြန်ဖြေ ဆွေးနွေးခြင်း၏ အန္တိမ ရည်မှန်းချက်သည် အမျိုးသားထု တစ်ရပ်လုံး၏ လွတ်မြောက်ရေး အတွက် ဖြစ်သည်ဟု ယုံကြည်သည်။
နအဖစစ် ခေါင်းဆောင် များအနေဖြင့် စေစပ်ဖြန်ဖြေ ဆွေးနွေးခြင်းနှင့် စပ်လျှဉ်း၍ နိဂုံးပိုင်း နေ့များ၏ စားပွဲဝိုင်းမှ ထွက်သွားမည် ဆိုလျှင်လည်းမူရင်း ပန်းတိုင်မပျောက်စေဘဲ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးအား လုပ်ဆောင် ခြင်းဖြင့် နအဖ စစ်အာဏာရှင် စနစ်အောက်မှလွတ်မြောက်ရမည်။
ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာနဲ့ တိုင်းတာပြီး သုံးသပ်လျှင် ကုလသမဂ္ဂ၏ ယူအန်ဂျီအေမှ နောက်ဆုံးထွက် ရီဆိုလူးရှင်းစာတမ်းတွင်
ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန် ရုရှား နှင့် တရုတ်နိုင်ငံတို့မှ ပါဝင်
လက်မှတ်ရေးထိုးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖဝန်ကြီး အောင်ကြည်တွေ့ ဆုံမှုရှိလာသည်။ နအဖစစ်ခေါင်းဆောင်များ
အနေဖြင့် လှုပ်ရှား မှုများအား အရှိန် လျှော့ကျ သွားစေရန် နှင့် နိုင်ငံတကာ၏ ဖိအားများ လျှော့ကျစေဖို့ရန်သာ ဖန်တီးခြင်း ဖြစ်သည်။
အလားတူ လုပ်ရပ်များ အား ကျနော်တို့ အကြိမ်များစွာ ကြုံခဲ့ရပြီး ဖြစ်သည်။
ကျွန်ုပ်တို့ သည် မြေေAာက် နိုင်ငံရေးAဖွဲ့Aစည်းများ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် ဆက်လက်တည်ဆောက်မည်။ တူညီ
သည့် လုပ်ငန်းများအား ပြည်တွင်းမြေအောက်လှုပ်ရှားမှု နှင့် ပြောက်ကျားလှုပ်ရှားမှု အသွင်များအဖြစ် တစ်တိုင်း ပြည်လုံး တွင် လုပ်ဆောင်သွားမည်။
တိုင်းပြည်အား အကောင်းဖက်သို့ပြောင်းလဲလာစေရန် ဆန္ဒရှိသည့် အရာရှိ ၊ အရာခံ ၊ အကြပ် ၊ တပ်သား အားလုံး ပူပေါင်း ပါဝင်
လာနိုင်ရန် အစဉ်အမြဲ ဖိတ်ခေါ်သွားမည်။
သံဃာတော်များ၏ ဦးဆောင်ကြိုးပမ်းမှု၊ အလုပ်သမားများ၊ တောင်သူလယ်သမားများ၊ အနုပညာ ရှင်များ၊ တတ်သိပညာရှင်များ နှင့်ခေတ်အဆက်ဆက်မှ ကျောင်းသားများ ပြည်တွင်းရော ပြည်ပတွင်ပါမကျန် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင် အထည်ဖော်ရေး လမ်းကြောင်း ပေါ်တွင် စည်းလုံးညီညွတ်မှု အခိုင်အမာ ရရှိနေပြီဖြစ်သည်။ တိုင်းရင်းသား အားလုံး၏ ပူးပေါင်းပါဝင် ဦးဆောင်မှုသည် အနာဂါတ်တိုင်းပြည်အတွက် အာမခံချက်အပြည့် ပေးနိုင်သော အခြေနေကို မြေကြီး လက်ခတ်မလွဲ ဖန်းတီးနိုင်မည်ဟု ကျွန်ုပ်တို့(GAB) အင်အားစုကြီး မှ အပြည့်အဝ ယုံကြည်ထားကြောင်း လေးနက်တည်ကြည်စွာ ဖေါ်ပြအပ်ပါသည်။
“ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည်”
သံဃာအဖွဲွဲ့ွဲ့ချုပ် - မြန်မာနိုင်ငံ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ
No comments:
Post a Comment