
ကချင်ပြည်နယ် နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ နအဖ မှ ဓါတုဗေဒလက်နက်များကို ပို့ဆောင်ထားကြောင်းကချင်သတင်းဌာနမှ စက်တင်ဘာ ၃၀ ရက် ၂၀၀၉တွင်ထုတ်ပြန်ခဲ့ပါသည်။၎င်းဗုံးသီးများကို အနီရောင်၊အ၀ါရောင်၊ အစိမ်းရောင် ပတ်ထား ပြီးအထက်အမိန့်ရမှအသုံးပြုရန် အမိန့်ပေးထားပါသည်။
တပ်တွင်းသတင်းအရ ၄င်းလက်နက်နှင့် တိုက်ခိုက်ခံရပါက ခေါင်းမူးခြင်း၊ အသက်ရှုခက်ခဲ ခြင်းနှင့်မျက်လုံးကွယ်ခြင်းများ ဖြစ်နိုင်ပါသည်။ ၄င်းဓါတုဗေဒ မော်တာကျည်ဆံပါထရပ်ကား (၂) ဆီးကိုရှမ်းပြည်အရှေ့မြောက် မုန်းကို ဒေသနား၊ တောင်ပေါ်တွင်စခန်းချသော ညောင်ပင် စစ်ဌာနချုပ်၊ တပ်ရင်း (၁) တွင် စက်တင်ဘာ အစောပိုင်းကပို့ထားပါသည်။ သြဂုတ်လ ၂၇ မှ ၂၉ ထိ ကိုးကန့်နှင့်ဖြစ်သော စစ်ပွဲတွင် နအဖ မှ ၄င်းမော် တာတစ်လုံးဖြင့် ပစ်ခတ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့်
ကိုးကန့်တပ်ဖွဲ့ဝင်နှင့် အရပ်သားများ နား၊နှာခေါင်းမှသွေးယိုစီးခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်ဖွဲ့မှသတင်းရရှိပါသည်။
ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၀၅ တွင် နအဖ မှ
ကရင်နီလက်နက်ကိုင်အဖွဲ့ကို ဓါတုဗေဒ လက်နက်ဖြင့်
တိုက်ခိုက်ခဲ့ပါသည်။ ထိုစဉ်ကဒဏ်ရာရှိသူများကို ကုသပေးခဲ့သည့် သြစထြေးလျမှ ဆရာဝန်ဒေါက်တာပင်တာ ( Dr Penter) က “ ဓါတုဗေဒလက်နက်ဖြင့်တိုက်ခိုက်ခံရသည်မှာလုံးဝသေချာကြောင်း”
ထုတ်ဖေါ်ပြောခဲ့ပါသည်။ ကရင်နီရဲဘော်များ၏ ပြန်လည် ပြောပြသည်မှာ ဗုံးသီးကျရောက်ပေါက်ကွဲပြီးနောက် အ၀ါရောင်မီးခိုးထွက်လာပြီး ၄င်းနေရာနှင့် ၁၀ မီတာ မှ ၂၀ မီတာ တွင်းရှိနေသူများမှာ မျက်လုံးနှင့်အရေပြားယားယံ ပြီး တစ်ဦးမှာမူ သွေးအံခဲ့ပါသည်။ အခြားလက္ခဏာများမှာ ချောင်းဆိုးလျင်သွေးပါခြင်း၊
အသက်ရှု ကြပ်ခြင်း၊ ကိုယ်အလေးချိန်သိသိသာသာ လျှော့ကျချင်း၊ ၀မ်းလျှောခြင်း၊ ခါးနာခြင်း၊ လည်ချောင်းခြောက်ကပ်ခြင်းနှင့် ရင်ဘတ်အောက်ခြင်းများခံစားရပါသည်။ ဒေါတ်တာပင်တာ ကဆက်ပြောသည်မှာ ၄င်းဓါတုလက်နက်မှာ Mustard gas ( မူစတာ ဓါတ်ငွေ့)ဖြစ်ပါသည်။
အီရတ်သမ္မတ ဆမ္မဒမ်ဟူစိန်လက်ထက် Kurd တိုင်းရင်းသားများကို ဓါတုလက်နက်ဖြင့်တိုက်ခိုက်စဉ်က

ဓါတုဗေဒလက်နက်ဖြင့် ပတ်သက်ပြီး ၁၉၂၅ ဂျနီဗာ သဘောတူညီချက်ကို မြန်မာစစ်အစိုးရက ၁၉၉၃ ခုနှစ်မှလက်မှတ်ထိုးခဲ့သော်လည်း ၁၉၈၀ နှစ်စောပိုင်း ဗိုလ်ချုပ်နေ၀င်း ခေတ်ကလျို့ဝှက်စွာ
တည်ဆောက်ခဲ့သောဓါတုဗေဒလက်နက်စက်ရုံ Clandestine Chemical Weapon Plant ကိုဖုံးကွယ်ထားဆဲဖြစ်သည်။ နအဖ စစ်အစိုးရသည် ၂၀၀၇ ဧပြီလမှ စတင်ပြီး မြောက်ကိုရီးယားနှင့်သံတမန်
အဆက်အ သွယ်လုပ်ပြီးနောက်ပိုင်း နှစ်နှိုင်ငံကြား
စစ်လက်နက်ကုန်သွယ်မှု့များ နှင့် နူကလီးယားဓါတ် ပေါင်းဖို
တည်ဆောက်ရေး အကူညီပေးမှုများစတင်ခဲ့ပါသည်။
မူစတာ ဓါတ်ငွေ့အကြောင်း ( Mustard gas)
၎င်းဓါတ်ငွေ့ကို Sulfur mustard သို့မဟုတ် Mustard gas သို့မဟုတ် Mustard agent ဟုလည်းခေါ်တွင်
ပြီးစစ်ဖက်အသုံးအနှုံးဖြင့် H သို့မဟုတ် HD သို့မဟုတ် HT ဟုသုံးပါသည်။
၎င်းဓါတ်ငွေ့သည် တစ်ခါတစ်ရံတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကဲ့သို့အနံ့ရပြီး တစ်ခါတစ်ရံတွင် အနံ့လုံးဝမရှိပါ။ ၄င်းသည် အငွေ့ပုံစံ (ဓါငွေ့ရည်)၊ ပျစ်နယ်သောဆီပုံစံ သို့မဟုတ် အခဲပုံစံအနေဖြင့်
တည်ရှိနိုင်ပါသည်။
၎င်းသည် အရည် သို့မဟုတ်အခဲပုံစံတွင်ရှိပါက အဖြူရောင်မှ အ၀ါရောင် သို့မဟုတ် အညိုရောင်ထိရှိနိုင်ပါသည်။
လူတွေနှင့်ထိတွေ့နိုင်ပုံမူစတာဓါတ်ငွေ့သည် လေထဲသို့ အငွေ့ပုံစံဖြင့် လွှတ်ထုတ်နိုင်ပြီး လူ၏အရေပြား၊ မျက်စိ၊အဆုတ်ထဲသို့ရှုသွင်းခြင်းဖြင့်
ထိတွေ့နိုင်ပါသည်။
၎င်းအငွေ့ကိုလေတိုက်ပြီးအဝေးသို့ရောက်ရှိနိုင်ပါသည်။ မူစတာဓါတ်ငွေ့ ကိုရေထဲသို့ လွှတ်ချပါက ၄င်းရေကို သောက်သုံးခြင်း၊ ရေ နှင့် ထိတွေ့ ခြင်းဖြင့် လူခန္ဓာကိုယ်ထဲရောက်ရှိနိုင်ပါသည်။မူစတာဓါတ်ငွေ့ရည်
ကို တိုက်ရိုက်ကိုင်တွယ်ခြင်းဖြင့် လူနှင့်ထိတွေ့နိုင်ပါသည်။
၎င်းမူစတာဓါတ်ငွေ့ ကိုလွှတ်ပြီးပါက သာမာန်ရာသီဥတု ရှိသောပတ်ဝန်းကျင်တွင် ၁ ရက်မှ ၂ ရက်ထိဓါတ်ငွေ့ရှိနေနိုင်ပြီး အေးသောဒေသတွင် ၁ ပတ်မှ ၁ လထိရှိနေနိုင်ပါသည်။
မူစတာဓါတ်ငွေ့သည် ခန္ဓာကိုယ်ထဲတွင်
တဖြည်းဖြည်းချင်းပြိုကွဲတတ်သဖြင့် ထပ်ခါတလဲဓါတ်ငွေ့နှင့် ထိတွေ့သောဒဏ်ရာ ခန္ဓာကိုယ်ထဲတွင် ပွားများလာပါသည်။
မူစတာ ဓါတ်ငွေ့၏ဂုဏ်သတ္တိဆာလဖာမူစတာဓါတ်ငွေ့သည် လူ၏ရေပြားကို ယားယံခြင်း၊ အရည်ကြည်ဖု (blister) ထွက်ပြီးအရေပြားကိုဖျက်ဆီးခြင်း၊ မျက်စိ နှင့် အသက်ရှုလမ်းကြောင်း ကို ပျက်ဆီးစေပါသည်။ မျိုးရိုးဗီဇ (DNA) နှင့် ခန္ဓာကိုယ်
ကလပ်စည်း ( body cell) ကိုလည်းပျက်ဆီးစေပါသည်။
၎င်းဓါတ်ငွေ့သည် လေထက်လေးသဖြင့်
နိမ့်သောနေရာများသို့ဆင်းနေတတ်ပါသည်။မူစတာ ဓါတ်ငွေ့ နှင့်ထိတွေ့ပါက ဖြစ်ပေါ်လာမည်.လက္ခဏာမူစတာ ဓါတ်ငွေ့ရည်နှင့်ထိတွေ့ပါကချက်ခြင်းသေလောက်နိုင်သည့်အခြေအနေမရှိနိုင်ပါ။မူစတာ ဓါတ်ငွေ့ကိုစတင်အသုံးပြုသည့် ပထမကမ္ဘာစစ်တွင်းက ၄င်းဓါတ်ငွေ့နှင့် ထိတွေ့ပြီး ဆေးကုသမှုရရှိခဲ့သော လူထဲမှ၅% ခန့်သာသေဆုံးခဲ့ပါသည်။ဆာလဖာမူစတာ ဓါတ်ငွေ့သည် တစ်ခါတစ်ရံတွင် အနံ့မရှိခြင်း သို့မဟုတ်ပြင်းထန်သောအနံ့မရှိခြင်းကြောင့် ထိတွေ့သော်လည်းသတိမထားမိသော အခြေအနေလည်းရှိတတ်ပါသည်။
၎င်းဓါတ်ငွေ့နှင့်ထိတွေ့သည့်ပမာဏပေါ်မူတည်ပြီးထူးခြားသည့်လက္ခဏာ ချက်ခြင်းမပြပါ။ များသောအားဖြင့် ၂ နာရီမှ ၂၄ နာရီတွင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်တတ်ပါ သည်။
အချို့သူများလည်း၎င်းချိန်ထက်စောပြီးရောဂါလက္ခဏာဖြစ်ပေါ်တတ်ပါသည်။
ထိခိုက်နိုင်သည့် ခန္ဓာကိုယ်များမှာ-
အရေပြား- နီခြင်း၊ ယားယံခြင်း များ ၂ နာရီမှ ၂၄ နာရီတွင်းဖြစ်ပေါ်နိုင်ပြီး နောက်ဆုံးတွင်အ၀ါရောင်အရည်ကြည်ဖု (Yellow blister of skin) ထွက်လာပါသည်။
မျက်စိ- ၄င်းဓါတ်ငွေ့ရည်နှင့် အနည်းငယ် ထိတွေ့မိပါက မျက်စိ ယားခြင်း၊ နာခြင်း၊ရောင်ခြင်း များဖြစ်ပြီး ၃ နာရီမှ ၁၂ နာရီတွင်းမျက်ရည်ကျခြင်းကိုခံစားရပါမည်။
ဓါတ်ငွေ့ရည်နှင့်ထိတွေ့မှုများပါက အနည်းငယ် ထိတွေ့သောရောဂါ လက္ခဏာများပြင် မျက်စိအလင်းထိတွေ့မှုမခံနိုင်ခြင်း၊ ပြင်းထန်စွာနာကျင်ခြင်း၊ ၁၀ ရက်ထိ မျက်စိကွယ်ခြင်းကို ၁ နာရီမှ ၂ နာရီတွင်းခံစားနိုင်ပါသည်။
အသက်ရှုလမ်းကြောင်း- နှာရည်ယိုခြင်း၊ နှာချေခြင်း၊အသံဝင်ခြင်း၊ နှာခေါင်းသွေးထွက်ခြင်း၊ ထိပ်ကပ်နာခြင်း၊ အသက်ရှုတိုခြင်း နှင့်ချောင်းဆိုးခြင်း များကို အနည်းငယ်ထိတွေ့သူများတွင် ၁၂ နာရီမှ ၂၄ နာရီတွင်းခံစားနိုင်ပြီး ထိတွေ့မှု ပမာဏများသောသူများတွင် ၂ နာရီမှ ၄ နာရီတွင်း စတင်ခံစားရပါသည်။ ၀မ်းခေါင်းပိုင်း- ဗိုက်နာခြင်း၊ ၀မ်းလျှောခြင်း၊ ကိုယ်ပူခြင်း နှင့် မူးဝေအော့အံခြင်း။
အရေပြားလောင်ခြင်းအဆင့် (၃) ဆင

ရေရှည်တွင်တွေ့နိုင်သော ကျန်းမာရေးဆိုးကျိုး
ဆာလဖာမူစတာ အရည်နှင့်ထိတွေ့မိပါက ဒုတိယ အဆင့် သို့မဟုတ် တတိယအဆင့် အ ရေပြားလောင်နိုင်ပြီး
အရေပြားအများအပြားလောင်ပါကသေနိုင်သည်ထိ အန္တာရယ်ကြီးပါသည်။ ၄င်းဓါတ်ငွေ့ရည်အများအပြား ရှုမိပါက
အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါရရှိပြီး ထပ်ကာထပ်ကာပိုးဝင်ပြီးသေဆုံးနိုင်ပါသည်။ မျက်စိနှင့်
အများအပြား ထိတွေ့မှုရှိပါက လုံးဝမျက်စိကွယ်နိုင်ပါသည်။ ၄င်းဓါတ်ငွေ့နှင့် ထိတွေ့သောလူများအနေဖြင့်
အဆုတ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများရနိုင်ပါသည်။
ကာကွယ်ရန်လမ်းညွန်
၎င်းဓါတ်ငွေ့ရည်အဆိပ်ပြေ ရန်ဆေးမရှိသဖြင့် အကောင်းဆုံးမှာ ထိတွေ့မှုမရှိအောင်ရှောင်ရှားသင့်ပါသည်။ဓါတ်ငွေ့ရည်လွှတ်လိုက်သောနေရာသို့မဟုတ်ကျရောက်ပေါက်ကွဲသောနေရာမှ
ချက်ခြင်းထွက်ခွာသင့်ပြီး လေတိုက်လမ်းကြောင်းကိုရှောင် ၍ မြင့်သောအရပ်ကို ရှောင်သင့်ပါသည်။
၎င်းဓါတ်ငွေ့သည်လေထက်လေးသဖြင့်နိမ့်သောနေရာသို့ဆင်းနေမှာဖြစ်သောကြောင့်
နိမ့်သောနေရာနှင့်လေစုန်နေရာကိုရှောင်သင့်ပါသည်။ ၄င်းဓါတ်ငွေ့/ ဓါတ်ငွေ့ရည် နှင့် ထိတွေ့ပါကထိတွေ့သောခန္ဓာကိုယ်ကို ချက်ခြင်းသန့်ရှင်းစင်ကြယ်စေပါ။ သန့်ရှင်းသောရေဖြင့်ဆေးကျောပါ။
မျက်စိနှင့် ထိတွေ့ခဲ့လျှင် ရေထဲမှာ မျက်စိကိုနစ်ပြီး မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းကို ၅ မီနစ်မှ၁၀ မီနစ်ထိပြုလုပ်ပါ။
ဓါတ်ငွေ့နှင့်ထိတွေ့ထားသော မျက်လုံးကို အုပ်ခြင်း၊ ပတ်တီးစည်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း မျက်နှာဖုံးစွပ်ခြင်း မပြုလုပ်ရ။
ဆာလဖာမူစတာအရည်/ အခဲ ၀မ်းဗိုက်ထဲရောက်ရှိသွားပါက ပြန်အံထုတ်ရန်မကြိုးစားပါ နှင့်။ပြန်အံထုတ်ပါက အဆိပ်ပြန်ထွက်လာသည့်ခါ လည်ပြွန်တလျှောက်ထပ်ပြီးလောင်ကျွမ်းနိုင်သဖြင့်
အကောင်းဆုံးမှာ နို့သောက်ပြီး ဆေးကုသမှုအမြန်ရယူရန်အရေးကြီး ပါသည်။
ဆေးကုသရန်ပိုမိုသိရှိလိုပါက cdcinfo@cdc.govThis e-mail address is being protected from spambots. You need JavaScript enabled to view it သို့ အီးမေးပို့၍ စုံစမ်းနိုင်ပါသည်။
ဓါတုလက်နက်အသုံးပြုခြင်းကို တိုင်ကြားလိုပါက သို့မဟုတ်ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
http://www.opcw.org/
ဖူးဒို
နိုဝင်ဘာ ၄ ရက် ၂၀၀၉
www.karenunited.com
No comments:
Post a Comment